မြန်မာနိုင်ငံဂီတ အစည်းအရုံးဝင်များအတွက် (၆)ကြိမ်မြောက် ဆန်နဲ့ဆီ ထောက်ပံ့ပေးအပ်

မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)မှ အစည်းအရုံးဝင်အသင်း သားများအား (၆)ကြိမ်မြောက် ဆန်၊ ဆီ ထောက်ပံ့ ပေးမှုကို ဇွန်လ(၁၃)ရက်မှ(၁၆)ရက်နေ့အထိ ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)တွင် ပေးအပ် လျက်ရှိသည်ဟု မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) ဥက္ကဋ္ဌ ဦးလွင်မြင့်၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံ သတင်းထောက် သဇင်အောင်က တွေ့ဆုံမေးမြန်းထားပါသည်။