မြန်မာ့ထွက်ကုန် ထောပတ်သီးများကို ပြည်ပနိုင်ငံများက ဝယ်ယူဖို့ ကမ်းလှမ်းလျက်ရှိရာ တင်ပို့သွားနိုင်ရေး စီစဉ်ဆောင်ရွက်နေသည်ဟု မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဒုတိယဥက္ကဋ္ဌ ဦးမျိုးညွန့်၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် သီတာအောင်က ဆက်သွယ်မေးမြန်းထားပါသည်။