ငဖဲမြို့နယ်၊ ချင်းစုရပ်ကွက်မှာ မေမြို့ပန်းများ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချမှုဖြင့် တောင်သူများအဆင်ပြေ လျက်ရှိ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ချင်းစုရပ်ကွက်မှာ မေမြို့ပန်းများတစ်နိုင်တစ်ပိုင်စိုက်ပျိုး ရောင်းချ မှုကြောင့် တောင်သူများအဆင်ပြေလျက်ရှိခြင်းနှင့်ပတ်သက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်ဝိုင်းယုမော်၊ ချင်းစုရပ်ကွက် မေမြို့ပန်းစိုက်တောင်သူ ဦးညီညီစိုးတို့နှင့် မြန်မာ့အသံသတင်းထောက် နုယဉ်ဝင်းက ဆက်သွယ်မေးမြန်းထားပါသည်။