၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် စတင်တက်ရောက်ကြမယ့် မျက်မမြင်ကျောင်းသား၊ ကျောင်းသူများ မေလ(၂၅)ရက် နေ့မှစပြီး ရှေ့ဆောင်မျက်မမြင်ကျောင်း (မိတ္ထီလာမြို့)တွင် ကျောင်းအပ်နှံနိုင်သည်ဟု ကျောင်းအုပ်ဆရာကြီး ဦးကြည်၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် သဇင်အောင်က ဆက်သွယ်မေးမြန်း ထားပါသည်။