ရခိုင်ပြည်နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ကျောက်တော်တောင်ဘုရားတွင် ဓာတ်လှေကားတပ်ဆင်ရန်စီစဉ်နေ

ရခိုင်ပြည်နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ကျောက်တော်တောင်ဘုရားတွင် သက်ကြီးရွယ်အိုများအဆင်ပြေချောမွေ့စွာ ဘုရားဖူးနိုင်ရေး ဓာတ်လှေကားတပ်ဆင်ရန် စီစဉ်နေသည်ဟု ကျောက်တော်တောင်ဘုရားဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးကျော်ကျော်၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် နေမိုးသွင်က ဆက်သွယ်မေးမြန်းထားပါသည်။