ရန်ကုန်မြို့ ရွှေပိတောက်ငါးဈေး၌ ရေထွက်ကုန်များ တစ်နေ့လျှင် ပိဿာသုံးသိန်းကျော်ရောင်းချပေး လျက်ရှိ

မြန်မာနိုင်ငံ ဒေသအသီးသီးသို့ ရေထွက်ကုန်ပစ္စည်းများ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချပေးနေသည့်ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ ရွှေပိတောက်ငါးဈေး၌ သင်္ကြန်အပြီးကာလတွင် ရောင်းအားမြင့်တက်လာပြီး လက်ရှိတွင် တစ်ရက်လျှင် ကုန်ချိန်ပိဿာ (၃)သိန်းကျော် ရောင်းချပေးနေကြောင်ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ ဈေးများနှင့်ကုန်စည်ပွဲရုံများဌာန ရွှေပိတောက်ငါးဈေး တာဝန်ခံ ဦးသန်းနိုင်၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် စန်းစန်းဝေက တွေ့ဆုံမေးမြန်းထားပါသည်။