ရန်ကုန်မြို့တွင် နှစ်စဉ် လူဦးရေ (၅၀၀)ဝန်းကျင်ခန့် ယာဉ်တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုရှိ

ရန်ကုန်မြို့တွင် မောင်းနှင်ပြေးဆွဲနေသည့် မော်တော်ယာဉ်များ တစ်စီးနှင့်တစ်စီးကျော်တက်ခြင်း၊ အရှိန်လွန်မောင်းနှင် ခြင်းများကြောင့် ညပိုင်းအချိန်များတွင် ယာဉ်တိုက်မှု ဖြစ်ပွားလေ့ရှိရာ တစ်နှစ်လျှင် လူဦးရေ (၄၀၀)မှ (၅၀၀)ဝန်းကျင်အထိ ထိခိုက်သေဆုံးမှုရှိနေသည်ဟု ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ(YRTC) မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံ သတင်းထောက် စန်းစန်းဝေက တွေ့ဆုံမေးမြန်းထားပါသည်။