သတင်းနှင့်ပြန်ကြားရေးလုပ်ငန်းကော်မတီ၏ဆောင်ရွက်ချက်များ

သတင်းနှင့်ပြန်ကြားရေးလုပ်ငန်းကော်မတီက ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းကျရောက်ခဲ့မှု အခြေအနေ၊ ရှာဖွေ ကယ်ဆယ်ရေး၊ ကူညီထောက်ပံ့ခြင်းနှင့် ပြန်လည်ထူထောင်ရေးစသည့် သတင်းအချက်အလက်များကို နိုင်ငံတကာနှင့် ပြည်သူများ သိရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်နှင့်ပတ်သက်ပြီး သတင်းနှင့်ပြန်ကြားရေးလုပ်ငန်းကော်မတီရုံးအဖွဲ့၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းမှ ညွှန်ကြားရေးမှူး (သတင်း) ဦးဟန်လင်းအောင်နှင့် မြန်မာ့အသံသတင်းထောက် အေးစန္ဒာက တွေ့ဆုံမေးမြန်းထားပါသည်။