YBS ယာဉ်များတွင် ငွေပုံးအသုံးပြုခြင်းမရှိပါက တိုင်ကြားနိုင်

YBS ယာဉ်များ ငွေပေးချေရာတွင် ငွေပုံးအတွင်း ထည့်သွင်းခြင်း၊ YPS ကတ်ဖြင့် ပေးချေခြင်းများ၊ ဆောင်ရွက်နိုင်ရန် စီစဉ်ထားရှိပြီး ယာဉ်မောင်းများအနေဖြင့် လိုက်နာခြင်းမရှိဘဲ ငွေပုံးအသုံးပြုခြင်းအစား ငွေကောက်ခံခြင်း၊ ယာဉ်နောက်လိုက်များ တင်ဆောင်ကောက်ခံခြင်းများတွေ့ရှိပါက (YRTC)သို့ သတင်းပေးတိုင်ကြားနိုင်သည်ဟု ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)မှ စည်းကမ်းထိန်းသိမ်း ရေးဌာနမှူး ဦးဝင်းနိုင်၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် စန်းစန်းဝေက တွေ့ဆုံမေးမြန်းထားပါသည်။