(၄၃) ကြိမ်မြောက်ပြည်သူ့ကျန်းမာရေးကြီးကြပ်အဆင့် (၁) သင်တန်းဆင်းပွဲ ကျင်းပ

မြန်မာနိုင်ငံ၏ တစ်ခုတည်းသောတက္ကသိုလ်ဖြစ်သည့် အခြေခံကျန်းမာရေးတက္ကသိုလ် (မကွေး)၏ (၄၃) ကြိမ်မြောက် ပြည်သူ့ကျန်းမာရေးကြီးကြပ်အဆင့် (၁) သင်တန်းဆင်းပွဲအခမ်းအနားကို အောက်တိုဘာ (၁၆) ရက်နေ့က မကွေးမြို့ အခြေခံ ကျန်းမာရေးတက္ကသိုလ်တွင် ကျင်းပခဲ့သည်နှင့်ပတ်သက်၍ အခြေခံကျန်းမာရေးတက္ကသိုလ်(မကွေး) ကျန်းမာရေး၊ ပညာနှင့်ဆက်သွယ်ရေးဌာနမှ ကထိကဒေါ်ခင်စန်းလင်း၊ သင်တန်းသား၊ သင်တန်းသူများနှင့် မြန်မာ့အသံသတင်းထောက် နုယဉ်ဝင်းမှ တွေ့ဆုံမေးမြန်းထားပါသည်။