ပြင်ဦးလွင်မြို့တွင် ယခုနှစ် ကော်ဖီအထွက်နှုန်း ပုံမှန်ထက် ကျဆင်းနိုင်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ကော်ဖီပင်များ ပင်စည်ပိုးထိုးကျရောက်နေသည့်အတွက် ပုံမှန်ထက် ယခုနှစ်အထွက်နှုန်း (၃)ရာခိုင်နှုန်းကျော် ထိခိုက်နိုင်ကြောင်း ပြင်ဦးလွင်ခရိုင်သီးနှံ ကာကွယ်ရေးဌာနခွဲမှ ဦးစီးအရာရှိ ဒေါ်မေသက်လှိုင်၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် အောင်ဇေယျာဝင်းက ဆက်သွယ်မေးမြန်းထားပါသည်။