ပုဂံယွန်းပညာကောလိပ်တွင် ဝါးလက်မှုထည်သင်တန်း ဖွင့်လှစ်ပို့ချလျက်ရှိ

ပုဂံယွန်းပညာကောလိပ်တွင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အထောက်အကူပြု ဝါးလက်မှုထည် ကာလတိုသင်တန်းကို အခမဲ့ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း ပုဂံယွန်းပညာကောလိပ်ကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာမြင့်၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် ကြည်ပြာဝင်းက ဆက်သွယ်မေးမြန်းထားပါသည်။