ရန်ကုန်-မန္တလေးနှင့် ရန်ကုန်-မော်လမြိုင် ရထားများ ပြန်လည်ပြေးဆွဲပေးလျက်ရှိ

ရေကျော်မှုများဖြစ်ပွားခဲ့သည့်အတွက် ပျက်စီးသွားသည့်ရထားလမ်းပိုင်းများကို အမြန်ဆုံးပြုပြင်ခဲ့ပြီး အောက်တိုဘာ (၁၄) ရက်နေ့မှစပြီး ရန်ကုန်-မန္တလေး ရထားများခရီးစဉ်ကို အောက်တိုဘာ (၁၅)ရက်နေ့တွင် ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်များကို ပုံမှန်ပြေးဆွဲပေးလျက်ရှိသည်ဟု မြန်မာ့မီးရထား တိုင်းအမှတ်(၇)၊ မှ လက်ထောက်အထွေထွေ မန်နေဂျာ (သွားလာပို့ဆောင်ရေး) ဦးဇော်လွင်၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက်‌ ကျော်သက်အောင်မှ တွေ့ဆုံမေးမြန်းထားပါသည်။