တောင်တွင်းကြီးမြို့နယ်တွင် မိုးစပါးဧက (၉၇,၀၀၀)ကျော် စိုက်ပျိုးနိုင်ခဲ့

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်း ယခုနှစ် မိုးစပါး (၉၇,၂၆၅) ဧက စိုက်ပျိုးရန်လျာထားခဲ့သည့်အနက် (၉၇,၂၈၆) ဧက စိုက်ပျိုးနိုင်ခဲ့သည့်အတွက် လျာထားဧကထက် (၂၁) ဧက ကျော်လွန် စိုက်ပျိုးနိုင်ခဲ့ကြောင်း စိုက်ပျိုးရေးဦးစီဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မျိုးအေး၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် နုယဉ်ဝင်းက ဆက်သွယ်မေးမြန်းထားပါသည်။