Radio News
- , March 20, 2023
- , March 20, 2023
- , March 20, 2023
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ အတ္ထရံတံတားကို စစ်ဆေးခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့်အတွက် တံတားပေါ်တွင် ဆိုင်ကယ်များနှင့် (၃) တန်အောက်ယာဉ်များသာ ဖြတ်သန်းသွားလာခွင့်ပြုထားကြောင်း တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့ (၁၄)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝေဖြိုး၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် အေးစန္ဒာက ဆက်သွယ်မေးမြန်းထားပါသည်။
- , March 20, 2023
သင်္ကြန်အတွက် နေရပ်ပြန်မည့်ခရီးသည်များ ကားလက်မှတ်အခက်အခဲမရှိရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ(အဝေးပြေး) ဥက္ကဋ္ဌ ဦးအောင်ကျော်လင်း၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် ကြည်ပြာဝင်းက ဆက်သွယ်မေးမြန်းထားပါသည်။
- , March 20, 2023
တစ်ပတ်အတွင်းအားကစားသတင်းအစီအစဉ်မှ ပြည်တွင်းနှင့် နိုင်ငံတကာအားကစားသတင်းများကို စုစည်းတင်ပြထားပါသည်။
- , March 20, 2023
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ရှမ်းဘုရားကျေးရွာတွင် ရေရရှိရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည့်သတင်းနှင့် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်တွင် အွန်လိုင်းမှတစ်ဆင့် လောင်းကစားဒိုင်ပြုလုပ်သူအား ဖမ်းဆီးရမိခဲ့သည့် သတင်းများအပါအဝင် အခြားစိတ်ဝင်စားဖွယ်ရာ သတင်းများကို စုစည်းတင်ပြထားပါသည်။
- , March 19, 2023
တရုတ်နှင့်ရုရှား နှစ်နိုင်ငံဆက်ဆံရေးသည် ပိုမိုမြင့်မားသည့် အဆင့်သစ်တစ်ခုကို ရောက်ရှိခဲ့ကြောင်း ရုရှားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ပြောကြားခဲ့သည့် သတင်းနှင့် တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့ စစ်ဘက်ဆိုင်ရာသဘောတူညီချက်ကို အပြည့်အဝ အကောင်အထည်ဖော် သွားမည် ဆိုသည့်သတင်း စသည့်သတင်းများအပါအဝင် နောက်ဆုံးရ နိုင်ငံတကာသတင်းများကို ဒေါ်ကြူကြူဝင်း က တင်ပြထားပါသည်။
- , March 19, 2023
ရုရှားသမ္မတ ဗလာဒီမီဒီယာပူတင်သည် ခရိုင်းမီးယားကျွန်းဆွယ်၏ ဒေသဆိုင်ရာ ခေါင်းဆောင် များနှင့် အွန်လိုင်းမှ တွေ့ဆုံခဲ့သည့် သတင်းနှင့် အင်ဒိုနီးရှားအစိုးရသည် ပညာရေးနယ်ပယ်မှာ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုကို အရှိန်မြှင့်တင်ရန် လုပ်ဆောင် နေသည့်သတင်း စသည့်သတင်းများ အပါအဝင် နောက်ဆုံးရ နိုင်ငံတကာသတင်းများကို ဒေါ်ခိုင်ဇာဝင်းက တင်ပြထားပါသည်။
- , March 19, 2023
- , March 19, 2023
- , March 19, 2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် ၂၀၂၃ ခုနှစ် မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည့် သတင်းနှင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့မှ ထွက်ရှိသည့် ပုသိမ်ထီးများ ဝယ်ယူသူများပြားလာတာကြောင့် အရောင်းအဝယ်ပိုမိုကောင်းမွန်လာတယ်ဆိုသည့်သတင်းများအပါအဝင် အခြားစိတ်ဝင်စားဖွယ်ရာသတင်း များကို စုစည်းတင်ပြထားပါသည်။
- , March 19, 2023
ရှင်သန်ခြင်းကမ်းလက်များအစီအစဉ်မှ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် လက်ဆက်ကျေးရွာ အုပ်စုတွင် လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် နေအိမ် (၁၀) လုံးပြိုလဲပြီး နေအိမ် (၇၅) လုံး အမိုးလန်ပျက်စီးခဲ့သည့် သတင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးဖြစ်ပေါ်လာပါက ဘေးသင့်ပြည်သူများအား ထောက်ပံ့နိုင်ရေး ကယ်ဆယ်ရေးသိုလှောင်ရုံ (၁၄၀)ဖွင့်လှစ်ထားသည့်သတင်းနှင့် မိုးလေဝသသတင်းများကို စုစည်း တင်ပြထားပါသည်။