နိုင်ငံတကာသတင်း

ဧပြီလ (၂၃)ရက်နေ့ မနက်ခင်းပိုင်း ထိုင်းနိုင်ငံသည် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးထားသည့် ခရီးသွားများအတွက် ကိုဗစ်-၁၉ စမ်းသပ်မှုများကို အဆုံးသတ်ကြောင်း ကြေညာလိုက်သည့်သတင်း၊ တောင်ကိုရီးယားစစ်တပ်သည် ရေငုပ်သင်္ဘောမှပစ်လွှတ်သည့် ပဲ့ထိန်းဒုံးကျည် SLBM ကို ယခုသီတင်းပတ်အတွင်း အောင်မြင်စွာစမ်းသပ်ပစ်လွှတ်ခဲ့သည်ဟု ကြေညာခဲ့သည့်သတင်းများအပါအဝင် နောက်ဆုံးရနိုင်ငံတကာသတင်းများကို ဦးမျိုးကျော်သူက တင်ပြထားပါသည်။