မြန်မာသင်္ဘောသားများ COVID-19 ကာကွယ်ဆေးထိုး မှတ်တမ်းအား Electronic Certificate အဖြစ် ပြောင်းလဲထုတ်ယူရမည်

ပြည်ပသို့သွားရောက်အလုပ်လုပ်ကိုင်မယ့် မြန်မာသင်္ဘောသားများအနေဖြင့် သက်ဆိုင်ရာနိုင်ငံများရှိ လေဆိပ်များ သို့ အဆင်ပြေစွာဝင်ထွက်သွားလာနိုင်ရန်အတွက် ကိုဗစ် (၁၉) ရောဂါကာကွယ်ဆေးထိုးနှံထားကြောင်း သက်သေ ပြနိုင်သည့် Electronic Certificate ကို ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင်အင်တာနက်စာမျက်နှာမှတဆင့် တောင်းခံထုတ်ယူရမည်ဟု မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ်၊ အလုပ်မှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ကပ္ပတိန်စိုးမင်းအောင်၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံ သတင်းထောက် ခင်ရူပါထွေးက ဆက်သွယ် မေးမြန်းထားပါသည်။