အမျိုးသားဖူဆယ်အသင်းအနေဖြင့် ဆီးဂိမ်းပြိုင်ပွဲအတွက် အနီးကပ်လေ့ကျင့်မှုများအား ရန်ကုန်မြို့တွင် ပြုလုပ်ပြီး ဗီယက်နမ်နိုင်ငံသို့ တိုက်ရိုက်ထွက်ခွာမည်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီယာဒါရိုက်တာ ဦးဇော်မင်းထိုက်၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် စန်းစန်းဝေက ဆက်သွယ်မေးမြန်းထားပါသည်။