အမြို့မြို့အနယ်နယ်သတင်းအစီအစဉ်

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးသင့်အိမ်ထောင်စုအချို့အား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးပြီး အခြေခံစားသောက်ကုန်များနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့သည့်သတင်းနှင့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်အတွင်းရှိ ဆန်ဆိုင်များတွင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ သက်မှတ်ဈေးနှုန်းများအတိုင်း ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့သည့် သတင်းအပါအဝင် အခြားစိတ်ဝင်စားဖွယ်ရာ သတင်းများကို စုစည်းတင်ပြထားပါသည်။