အမြို့မြို့အနယ်နယ်သတင်းအစီအစဉ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နှင့်ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့တို့တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း စာရင်းစစ်၊ စာရင်းကောက်သင်တန်းဆင်းပွဲများကျင်းပခဲ့သည့်သတင်းနှင့် ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်းရှိ ကျေးရွာအများစုမှ ရေဘေးသင့်ပြည်သူများ အကူအညီလိုအပ်လျက်ရှိရာ ဒေသခံလူမှုကူညီရေးအဖွဲ့များမှ ကူညီထောက်ပံ့ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိသည့်သတင်း အပါအဝင် အခြားစိတ်ဝင်စားဖွယ်ရာသတင်းများကို စုစည်းတင်ပြထားပါသည်။