Radio News
- , March 28, 2023
- , March 28, 2023
- , March 28, 2023
- , March 28, 2023
- , March 28, 2023
(၇၈)နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဂုဏ်ထူးဆောင် လက်မှတ်များနှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားကို မတ်လ (၂၇)ရက်နေ့က မကွေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပခဲ့သည်နှင့် ပတ်သက်ပြီး စက်မှုလက်မှုထူးချွန်ဆုရရှိခဲ့သည့် တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးစိုးနိုင်ထူး၊ စီမံခန့်ခွဲရေးဆိုင်ရာထူးချွန်ဆုရရှိခဲ့သည့် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြာရေးမှူး ဦးထင်အောင်တို့နှင့် မြန်မာ့အသံသတင်းထောက် နုယဉ်ဝင်းက တွေ့ဆုံမေးမြန်းထားပါသည်။
- , March 27, 2023
ဘီလာရုဇ်နိုင်ငံတွင် နည်းဗျူဟာမြောက် နျူကလီးယားလက်နက်များ တပ်ဖြန့်ချထားရန် ရုရှားနှင့် ဘီလာရုဇ် နှစ်နိုင်ငံသမ္မတများ သဘောတူခဲ့သည့် သတင်းနှင့် တရုတ်နှင့် ဟွန်ဒူးရပ်စ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်လိုက်သည့် သတင်း စသည့်သတင်းများ အပါအဝင် နောက်ဆုံးရ နိုင်ငံတကာသတင်းများကို ဦးကျော်မင်းစိုးက တင်ပြထားပါသည်။
- , March 27, 2023
ရုရှားနှင့် တူကီယဲ နှစ်နိုင်ငံသမ္မတတို့ တယ်လီဖုန်းဆက်သွယ် ဆွေးနွေးခဲ့ကြသည့် သတင်းနှင့် ဂျပန်နိုင်ငံက မြောက်ကိုရီးယားနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများကို ၂ နှစ် ထပ်မံ သက်တမ်းတိုးသွားမည့်သတင်း စသည့်သတင်းများအပါအဝင် နောက်ဆုံးရ နိုင်ငံတကာသတင်းများကို ဒေါ်ခိုင်ဇာဝင်းက တင်ပြထားပါသည်။
- , March 27, 2023
- , March 27, 2023
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ရွှေတောင်ကျေးရွာနှင့် ညောင်ပင်သာကျေးရွာအုပ်စု၊ ဆည်ကျေးရွာတို့ရှိ ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ရာ တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့သည့်သတင်းနှင့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တော်ကို အမှိုက်ကင်းစင်မြို့တော် ဖြစ်စေရေးအတွက် ဌာနဆိုင်ရာများပူးပေါင်းပြီး စုပေါင်းလမ်းလျှောက်အမှိုက်ကောက် Campaign လုပ်ခဲ့သည့်သတင်းများ အပါအဝင် အခြားစိတ်ဝင်စားဖွယ်ရာသတင်းများကို စုစည်းတင်ပြထားပါသည်။
- , March 27, 2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဟု မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်း၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံ သတင်းထောက် အေးစန္ဒာက ဆက်သွယ်မေးမြန်းထားပါသည်။
- , March 27, 2023
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်ရှိ ဗိဿနိုးရှေးဟောင်းသုတေသနပြုတိုက်သို့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ မတ်လ (၂၅) ရက်နေ့အထိ ခရီးသွားဧည့်သည် (၆)ထောင်ကျော် လာရောက်လေ့လာလျက်ရှိသည်ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ဗိဿနိုးဌာနစု)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဖြိုးပြည့်ကိုကို၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် နေမိုးသွင်က တွေ့ဆုံမေးမြန်းထားပါသည်။
- , March 27, 2023
တစ်ပတ်အတွင်း အားကစားသတင်းအစီအစဉ်မှ ပြည်တွင်းနှင့် နိုင်ငံတကာအားကစားသတင်းများကို စုစည်းတင်ပြထားပါသည်။
- , March 27, 2023
သံနှင့် သံမဏိပစ္စည်းများ စံချိန်စံညွှန်းဖြင့်ကိုက်ညီမှုရှိစေရန် Myanmar Industrial Standard (MIS) ပေါ်ပေါက်လာရေး မြန်မာနိုင်ငံ သံနှင့်သံမဏိလုပ်ငန်းရှင်များအသင်းမှ ဆောင်ရွက်လျက်ရှိသည်ဟု မြန်မာနိုင်ငံ သံနှင့်သံမဏိ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာကေသီလွင်၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် စန်းစန်းဝေက တွေ့ဆုံမေးမြန်းထားပါသည်။
- , March 27, 2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းရှိ ကျေးရွာပေါင်း (၈၅) ရွာအတွက် စွမ်းအားမြှင့်မီးဖိုအလုံးပေါင်း (၁၈,၀၀၀)ကျော် အခမဲ့ဖြန့်ဝေပေးသွားမည်ဟု ခရိုင်စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးလွင်ထွန်း၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် နုယဉ်ဝင်းက ဆက်သွယ်မေးမြန်း ထားပါသည်။